Google Home

Google Home

Google LLC 11/29/2023
8.5
500M
အရင်းအမြစ်များ မရှိသေးပါ။
  • ဖန်သားပြင်ဓာတ်ပုံ1
  • ဖန်သားပြင်ဓာတ်ပုံ2
  • ဖန်သားပြင်ဓာတ်ပုံ3
  • ဖန်သားပြင်ဓာတ်ပုံ4
  • ဖန်သားပြင်ဓာတ်ပုံ5
  • ဖန်သားပြင်ဓာတ်ပုံ6
  • ဖန်သားပြင်ဓာတ်ပုံ7
  • ဖန်သားပြင်ဓာတ်ပုံ8

ဖော်ပြချက်

သင်၏ Google Nest၊ Google Wifi၊ Google Home နှင့် Chromecast စက်များအပြင် မီးလုံး၊ ကင်မရာ၊ အပူထိန်းကိရိယာစသည်တို့ကဲ့သို့ တွဲဖက်သုံးနိုင်သော ချိတ်ဆက်ထားသည့် အိမ်သုံးပစ္စည်းထောင်ပေါင်းများစွာကို Google Home အက်ပ် တစ်ခုတည်းမှနေ၍ စနစ်ထည့်သွင်းကာ စီမံထိန်းချုပ်နိုင်သည်။

မီးဖွင့်နိုင်သည်၊ အပူထိန်းကိရိယာကို ချိန်ညှိနိုင်သည် သို့မဟုတ် သင့်အိမ်ရှေ့တံခါးတွင် လူ (သို့) အထုပ်ရှိသည့်အခါ သတိပေးချက်ရယူနိုင်သည်။ သတ်မှတ်ချက်နှင့် တိုးတက်မှုများကို ဆက်လက်ထည့်သွင်းထားသောကြောင့် Wear OS ရှိ Google Home ကို အကြိုဗားရှင်းအဖြစ် ရနိုင်မည်။

သင့်အိမ်၏ မြင်ကွင်းတစ်ခု။
သီချင်းဖွင့်ခြင်း (သို့) ရုပ်ရှင်စဖွင့်လိုသည့်အခါ မီးမှိန်ခြင်းကဲ့သို့ သင်အများဆုံးလုပ်ဆောင်သည့်အရာများအတွက် ဖြတ်လမ်းလင့်ခ်များကို Home တဘ်က ပေးသည်။ တစ်ချက်၊ နှစ်ချက်တို့ရုံနှင့် အားလုံးကို ထိန်းချုပ်နိုင်သည် – ထို့နောက် မိမိလိုချင်သည့်နေရာသို့ အမြန်ရောက်နိုင်သည်။ ‘ဖိဒ်’ တဘ်သည် သင့်အိမ်ရှိ အရေးကြီးဖြစ်ရပ်များကို တစ်နေရာတည်းတွင် မြင်သာအောင်ပြသည်။ သင်၏စက်များကို အကောင်းဆုံး အသုံးပြုရန်နှင့် အိမ်အပြင်အဆင် ပိုကောင်းမွန်စေရန် နည်းလမ်းများကိုလည်း ဤနေရာတွင် တွေ့ရပါမည်။

တွဲသုံးနိုင်သော မီးများဖွင့်ခြင်း၊ မိုးလေဝသကြည့်ခြင်း၊ သတင်းဖွင့်ခြင်းစသည့်တို့ကို ရိုးရှင်းသော ကွန်မန်းတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်ရန် ပုံမှန်အစီအစဉ်များ ထည့်သွင်းပါ။

တွဲဖက်သုံးနိုင်သော အိမ်သုံးပစ္စည်းများတွင် ဖွင့်ထားသော အသံနှင့် ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှု အားလုံးကို တစ်နေရာတည်းတွင် ကြည့်ခြင်း၊ အသံအတိုးအကျယ် ပြောင်းခြင်း၊ နောက်တစ်ပုဒ်သို့ ကျော်ခြင်း (သို့) ဖွင့်ထားသောစပီကာများ အမြန်ပြောင်းခြင်းတို့ကို ပြုလုပ်နိုင်သည်။

တစ်ချက်ကြည့်ရုံဖြင့် အိမ်ရှိအဖြစ်အပျက်များကို သိနိုင်သည်။
သင့်အိမ်၏အခြေအနေကို ပြရန်နှင့် လွတ်သွားနိုင်သည်များကို မျက်ခြည်မပြတ်စေရန် Google Home အက်ပ်ကို ရေးဆွဲထားသည်။ သင့်အိမ်ကို အချိန်မရွေးစစ်ကြည့်ပြီး လတ်တလောဖြစ်ရပ်များကို ပြန်ကြည့်နိုင်သည်။ သင်အဝေးရောက်နေစဉ် အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပေါ်ပါက အကြောင်းကြားချက်လည်း ရရှိနိုင်သည်။

Google Home အက်ပ် သုံးပြီး မိနစ်ပိုင်းအတွင်း Nest Wifi နှင့် Google Wifi ကို စနစ်ထည့်သွင်းလိုက်ပါ။ မြန်နှုန်းစစ်ဆေးမှုများ လုပ်ဆောင်ပါ။ ဧည့်သည်ကွန်ရက်သတ်မှတ်ပြီး သင့် Wi-Fi စကားဝှက်ကို မိသားစုနှင့် မိတ်ဆွေများအား အလွယ်တကူမျှဝေပါ။ ကလေးများအတွက် အွန်လိုင်းသုံးချိန်ကို စီမံခန့်ခွဲရန် Wi-Fi ခဏရပ်ခြင်း ကဲ့သို့သော မိဘအထိန်းအချုပ်များကို သုံးနိုင်သည်။ ဗီဒီယိုအစည်းအဝေးပြုလုပ်ခြင်းနှင့် ဂိမ်းအတွက်ဒေတာသုံးခြင်းကို စက်အားလုံးတွင် အလိုအလျောက်ဦးစားပေးထားနိုင်သည် (သို့) ဒေတာစီးဆင်းမှုအမျိုးအစား အားလုံးအတွက် ဦးစားပေးရမည့်စက်များကို သတ်မှတ်နိုင်သည်။ ကွန်ရက်သို့ စက်အသစ်ချိတ်ဆက်သည့်အတွက် အကြောင်းကြားချက်ဖြစ်စေ၊ အင်တာနက်ချိတ်ဆက်မှု မကောင်းသဖြင့် ပြဿနာရှာဖွေဖြေရှင်းခြင်းအတွက် အသေးစိတ် ခွဲခြမ်းစိတ်ဖြာချက်ဖြစ်စေ သင့်ကွန်ရက်နှင့်ပတ်သက်ပြီး နောက်ထပ်သိကောင်းစရာများကို ရယူနိုင်သည်။

အကူအညီရသောအိမ်သည် ငြိမ်းအေးလုံခြုံသည့်အိမ် ဖြစ်သည်။
Google ထုတ်ကုန်အားလုံးတွင် ကမ္ဘာ့အဆင့်အမြင့်ဆုံး လုံခြုံရေး အခြေခံအဆောက်အအုံများထဲမှ တစ်ခုကို တိုက်ရိုက်ထည့်သွင်းထားသည့်အတွက် မူရင်းသတ်မှတ်ချက်အရ ၎င်းတို့က ဘေးကင်းလုံခြုံပါသည်။ သင့်ကိုယ်ရေးအချက်အလက်လုံခြုံမှုကို ၎င်းဖြင့် ကာကွယ်ပေးထားသည်။ သင်၏ Google Account ရှိ အသင့်ပါလုံခြုံရေးက သင့်ထံသို့ အန္တရာယ်များမရောက်မီ အလိုအလျောက်ရှာဖွေပြီး ပိတ်ဆို့သဖြင့် သင့်ကိုယ်ရေး အချက်အလက်များ လုံခြုံပါသည်။

ကျွန်ုပ်တို့ရေးဆွဲသည့် ကိုယ်ရေးအချက်အလက်လုံခြုံမှုတူးလ်များကို သင် အမြဲထိန်းချုပ်ခွင့်ရှိပါသည်။
သင်၏ Google Assistant လုပ်ဆောင်ချက်၊ ကိုယ်ရေးလုံခြုံမှုဆက်တင်၊ အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးသတ်မှတ်ချက်များကို စီမံနိုင်သည်။ သင်၏လုပ်ဆောင်ချက်ကို ကြည့်ပြီး ၎င်းကို ကိုယ်တိုင်ဖျက်ခြင်း (သို့) အလိုအလျောက်ဖျက်ရန် ရွေးခြင်းတို့ ပြုလုပ်နိုင်သည်။ Google Assistant တွင် သင့်အသံသုံး၍ ကိုယ်ရေးအချက်အလက်လုံခြုံမှုကို ထိန်းချုပ်နိုင်သည်။ ကိုယ်ရေးလုံခြုံမှုဆက်တင် ပြောင်းရန် “Where can I change my privacy settings?” ကဲ့သို့ မေးခွန်းများမေးပြီး ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် လုံခြုံရေးဆိုင်ရာ ယေဘုယျအကျဆုံး မေးခွန်းများအတွက် အဖြေများရယူပါ။

သင်၏အချက်အလက်ကို ကာကွယ်ပုံနှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုကို အလေးထားပုံအကြောင်း ပိုမိုလေ့လာရန် safety.google/nest တွင် ‘Google Nest လုံခြုံရေးစင်တာ’ သို့ ဝင်ကြည့်ပါ။

* အချို့ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဒေသအားလုံးတွင် မရနိုင်ပါ။ တွဲသုံးနိုင်သည့် စက်များ လိုအပ်ပါသည်။

နောက်ဆုံးထွက်ဗားရှင်းတွင် ဘာများ အသစ်ပါလဲ။  

လာမည့်ရက်အနည်းငယ်တွင် အောက်ပါတို့ကို စတင်ထုတ်ဝေပါမည်-
သင်၏ ချိတ်ဆက်ထားသော တိုက်ရိုက်လွှင့်မှုနှင့် မီဒီယာ စက်ပစ္စည်းများ ဖွင့်/ပိတ်၊ အသံအတိုးအကျယ်၊ ဖွင့်ခြင်းနှင့် အဝင် စသည်တို့ကို ထိန်းချုပ်ရန် Home အက်ပ်အသုံးပြုခြင်း။
အိမ်တွင်ရှိကြောင်းသိခြင်းတွင် ပါဝင်ထားသည့် အသုံးပြုသူများသည် ၎င်းတို့၏ ဖုန်းတည်နေရာ မမှန်ကန်ပါက အကူအညီဖြစ်မည့် သတိပေးချက်များကို ရရှိမည်။
ကင်မရာအသုံးပြုသူများသည် ကင်မရာရိုက်ကူးခြင်းအတွက် အကြံပြုချက် ပေးပို့သောအခါ ဗီဒီယိုအပိုင်းများထည့်သွင်းရန် ယခုရွေးချယ်နိုင်သည်။

သတင်းအချက်အလက်
  • ဗားရှင်း
  • အပ်ဒိတ်
  • ဖိုင်အရွယ်အစား
  • အမျိုးအစား
  • Android လိုအပ်သည်။
  • ပြုစုသူ
    Google LLC
  • တပ်ဆင်သည်။
    500M
  • ID
    com.google.android.apps.chromecast.app
  • တွင် ရရှိနိုင်ပါသည်။
သင်လည်း ကြိုက်နိုင်ပါသည်။
အရည်အသွေးမြင့် အက်ပ်များ
  1. Oneida County Sheriff's Office
    Oneida County Sheriff's Office
    Oneida County Sheriff's Office Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Oneida County Sheriff's Office ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ အဆိုပါ Oneida ကောင်တီကောင်တီရဲအရာရှိရဲ့ရုံးကမိုဘိုင်း application ကိုနည်းပညာမှတဆင့်လူတွေကိုအားပေးအား
  2. Mindjinn: Kabbalah Mysticism
    Mindjinn: Kabbalah Mysticism
    Mindjinn: Kabbalah Mysticism Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Mindjinn: Kabbalah Mysticism ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ Kabbalah Mysticism- Mindjinn အက်ပ်သည် လွန်ခဲ့သောနှစ်ပေါင်း 6000 ကတည်းက လူအများထံမှ သိမ်းဆည်းထားသည့်
  3. New Harvest Madera
    New Harvest Madera
    New Harvest Madera Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ New Harvest Madera ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ သစ်စပါးရိတ်ရာကာလ Christian Fellowship Madera ဘုရားကျောင်း App ကိုအတူသင်တို့၌အစဉ်သာကိုထိပုတ်ပါကွာတရား
  4. Daily SOAP - Bible Reading App
    Daily SOAP - Bible Reading App
    Daily SOAP - Bible Reading App Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Daily SOAP - Bible Reading App ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ Daily SOAP သည်လူများအားသမ္မာကျမ်းစာကိုဖတ်ရှု။ တွေးတောဆင်ခြင်ရန်နှင့်ဘုရားသခင့်နှုတ်မြွက်စကားတော်၏အမ
  5. Justo Juez Oración
    Justo Juez Oración
    Justo Juez Oración Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Justo Juez Oración ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ အဆိုပါလျှောက်လွှာကလေးများနှင့်ကျကွီးရှယျအိုမြားစမတ်ဖုန်းအဘို့သင့်စံပြယူသည့်အချိန်တွင်မဆိုအင်တာနက်မပါ
  6. Santa Biblia Reina Valera
    Santa Biblia Reina Valera
    Santa Biblia Reina Valera Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Santa Biblia Reina Valera ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ အသံနှင့်အတူဂျိမ်းဘုရင်ကမျြးစာကစစ်ဆင်ရေးအဘို့အလိုမရှိပါအင်တာနက်ချိတ်ဆက်စာအုပ်တွေ, အခန်းကြီးနှင့်ကျမ်း
Developer အတူတူပါပဲ။