Live Transcribe

Live Transcribe

Research at Google 02/06/2024
7.3
1G
အရင်းအမြစ်များ မရှိသေးပါ။
  • ဖန်သားပြင်ဓာတ်ပုံ1
  • ဖန်သားပြင်ဓာတ်ပုံ2
  • ဖန်သားပြင်ဓာတ်ပုံ3
  • ဖန်သားပြင်ဓာတ်ပုံ4
  • ဖန်သားပြင်ဓာတ်ပုံ5
  • ဖန်သားပြင်ဓာတ်ပုံ6
  • ဖန်သားပြင်ဓာတ်ပုံ7

ဖော်ပြချက်

Live Transcribe & Sound Notifications သည် နားမကြားသူ၊ နားလေးသူများအတွက် Android ဖုန်း (သို့) တက်ဘလက် သုံးရုံဖြင့် စကားသံနှင့် ဝန်းကျင်အသံများ ပိုကြားရအောင် လုပ်ပေးသည်။

စက်အများစုတွင် ဤအဆင့်များဖြင့် Live Transcribe & Sound Notifications ကို တိုက်ရိုက်သုံးနိုင်သည်-
၁။ သင့်စက်၏ ဆက်တင်များအက်ပ်ကို ဖွင့်ပါ။
၂။ ‘အများသုံးနိုင်မှု’ တို့ပါ။ ပြီးလျှင် စတင်လိုသည့် အက်ပ်ပေါ်မူတည်၍ Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ တို့ပါ။
၃။ ‘သုံးနိုင်မှုခလုတ်’၊ လက်ဟန် (သို့) အမြန် ဆက်တင်များသုံးပြီး (https://support.google.com/accessibility/android/answer/7650693) Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ စတင်နိုင်သည်။

အသံ အကြောင်းကြားချက်များ-
• အိမ်၌ဖြစ်နေသော အသံများကို အခြေခံ၍ ဖြစ်နိုင်ခြေရှိသည့် အန္တရာယ် (သို့) ကိုယ်ရေးကိုယ်တာ အခြေအနေများကို အကြောင်းကြားနိုင်သည် (ဥပမာ- မီးခိုးသတိပေးသံ၊ ဥဩဆွဲသံ၊ ကလေးငိုသံ)။
• အသုံးအဆောင်များ အချက်ပေးသံမြည်သောအခါ အကြောင်းကြားချက်ရယူရန် စိတ်ကြိုက်အသံများ ထည့်နိုင်သည်။• သင်၏မိုဘိုင်းစက်ကိရိယာ (သို့) ဝတ်ဆင်ပစ္စည်းတွင် ဖလက်ရှ်မီး (သို့) တုန်ခါမှုဖြင့် အကြောင်းကြားချက်များ ရယူနိုင်သည်။
• ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သွားသည်များကို မြင်ရရန် အချိန်မှတ်တမ်းမြင်ကွင်း သုံးပြီး မှတ်တမ်းပြန်ကြည့်နိုင်သည် (လောလောဆယ် ၁၂ နာရီအထိ ကန့်သတ်ထားသည်)။

အချိန်နှင့်တစ်ပြေးညီ စာသားမှတ်တမ်း-
• အချိန်နှင့်တစ်ပြေးညီ ရေးသားပေးသည်။ စကားပြောသည့်အခါ စက်ပေါ်တွင် စာသားပေါ်သည်။
• ဘာသာစကားနှင့် ဒေသိယစကား ၈၀ ကျော်မှ ရွေးပြီး ဘာသာစကားနှစ်ခုအကြား အမြန်ပြောင်းနိုင်သည်။
• အမည် (သို့) အိမ်သုံးပစ္စည်းများကဲ့သို့ မကြာခဏသုံးသည့် စိတ်ကြိုက်စကားလုံးများ ထည့်နိုင်သည်။
• တစ်စုံတစ်ယောက်က သင့်အမည်ကိုပြောသည့်အခါ စက်တုန်ခါရန် သတ်မှတ်နိုင်သည်။
• သင့်စကားဝိုင်းတွင် တုံ့ပြန်မှုများကို စာရိုက်နိုင်သည်။ စက်၏ကီးဘုတ် ဖွင့်ပြီးလည်း စာဆက်ရိုက်နိုင်သည်။ စာရိုက်နေစဉ် စာသားမှတ်တမ်းများ ပြနေဦးမည်။
• ပတ်ဝန်းကျင်ရှိ အသံကျယ်မှုနှင့် ယှဉ်၍ စကားပြောသူ၏ အသံအတိုးအကျယ်ကို ကြည့်နိုင်သည်။ စကားပြောသည့်အခါ အသံအတိုးအကျယ် ညှိရန် ဤအသံအညွှန်းကို သုံးနိုင်သည်။
• အသံလက်ခံမှု ပိုမိုကောင်းမွန်စေရန် ကြိုးတပ် မိုက်ခွက်ပါနားကြပ်များ၊ ဘလူးတုသ် မိုက်ခွက်ပါနားကြပ်များနှင့် USB မိုက်များတွင်ပါသော ပြင်ပမိုက်ခရိုဖုန်းများ သုံးနိုင်သည်။

စာသားမှတ်တမ်းကို ပြန်ကိုးကားခြင်း-
• စာသားမှတ်တမ်းများကို ၃ ရက်ကြာ သိမ်းရန် ရွေးချယ်နိုင်သည်။ သိမ်းထားသော စာသားမှတ်တမ်းများ စက်ပေါ်တွင် ၃ ရက်ကြာ ရှိမည်ဖြစ်၍ ၎င်းတို့ကို အခြားတစ်နေရာတွင် မိတ္တူကူးပြီး ထည့်နိုင်သည်။ (မူရင်းအနေဖြင့် စာသားမှတ်တမ်းများကို မသိမ်းပါ။)
• သိမ်းထားသော စာသားမှတ်တမ်းများတွင် ရှာနိုင်သည်။
• မိတ္တူကူးပြီးထည့်ရန် ၎င်းရှိ စာသားကိုထိ၍ ဖိထားနိုင်သည်။

သတ်မှတ်ချက်များ-
• Android 6.0 (Marshmallow) နှင့် အထက်။

ယူအက်စ်ရှိ နားမကြားသူ၊ နားလေးသူများ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သော Gallaudet တက္ကသိုလ်နှင့် ပူးတွဲ၍ Live Transcribe & Sound Notifications ကို ထုတ်လုပ်ထားသည်။

အကြံပြုချက်ပေးရန်နှင့် ထုတ်ကုန်အပ်ဒိတ်များ ရယူရန် https://groups.google.com/forum/#!forum/accessible တွင်ပါဝင်နိုင်သည်။ Live Transcribe & Sound Notifications ဆိုင်ရာ အကူအညီအတွက် https://g.co/disabilitysupport တွင် ကျွန်ုပ်တို့ကိုဆက်သွယ်နိုင်သည်။

ခွင့်ပြုချက်များဆိုင်ရာ သတိပေးချက်
မိုက်ခရိုဖုန်း- Live Transcribe သည် သင့်ပတ်ဝန်းကျင်ရှိ စကားသံကို ရေးသားရန် မိုက်ခရိုဖုန်းသုံးခွင့် လိုအပ်သည်။ စာသားမှတ်တမ်း လုပ်ပြီးသည့်အခါ အသံကို သိမ်းမထားပါ။ ‘အသံ အကြောင်းကြားချက်များ’ သည် သင့်ပတ်ဝန်းကျင်ရှိ အသံများကို နားထောင်ရန် မိုက်ခရိုဖုန်းသုံးခွင့် လိုအပ်သည်။ လုပ်ဆောင်ချက်ပြီးဆုံးသည့်အခါ အသံကိုလည်း သိမ်းမထားပါ။
အများသုံးနိုင်ရန် ဝန်ဆောင်မှု- ဤအက်ပ်သည် အများသုံးနိုင်ရန် ဝန်ဆောင်မှုဖြစ်သည့်အတွက် သင့်လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာနိုင်သည်။

နောက်ဆုံးထွက်ဗားရှင်းတွင် ဘာများ အသစ်ပါလဲ။  

• Live Transcribe- ချိတ်ဆက်နိုင်မှုက မည်သို့ပင်ဖြစ်စေ ပိုမိုချောမွေ့စေရန် စာသားမှတ်တမ်းကို ဖွင့်နိုင်သည်။

သတင်းအချက်အလက်
  • ဗားရှင်း
  • အပ်ဒိတ်
  • ဖိုင်အရွယ်အစား
  • အမျိုးအစား
  • Android လိုအပ်သည်။
  • ပြုစုသူ
    Research at Google
  • တပ်ဆင်သည်။
    1G
  • ID
    com.google.audio.hearing.visualization.accessibility.scribe
  • တွင် ရရှိနိုင်ပါသည်။
သင်လည်း ကြိုက်နိုင်ပါသည်။
အရည်အသွေးမြင့် အက်ပ်များ
  1. Anti-spam: Kaspersky Who Calls
    Anti-spam: Kaspersky Who Calls
    Anti-spam: Kaspersky Who Calls Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Anti-spam: Kaspersky Who Calls ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ အမည်မသိနံပါတ်များနှင့် အမည်မသိခေါ်ဆိုမှုများမှ အဝင်နှင့် လွတ်သွားသောခေါ်ဆိုမှုများကြောင့် သင် စိတ်အန
  2. Emojis 3D Stickers WASticker
    Emojis 3D Stickers WASticker
    Emojis 3D Stickers WASticker Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Emojis 3D Stickers WASticker ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ WhatsApp အတွက် WASticker Emojis 3D နှင့် Memojis စတစ်ကာများ ဤတွင်ရှိသည်။ ရာနှင့်ချီသော 3d အီမိုဂျီစတ
  3. Ace VPN (Fast VPN)
    Ace VPN (Fast VPN)
    Ace VPN (Fast VPN) Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Ace VPN (Fast VPN) ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ Ace VPN သည် Android အသုံးပြုသူအားလုံးအတွက် အကန့်အသတ်မရှိ၊ မြန်ဆန်ပြီး အခမဲ့အင်တာနက်ကိုယ်ရေးကိုယ်တာနှ
  4. Sanchar Aadhaar
    Sanchar Aadhaar
    Sanchar Aadhaar Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Sanchar Aadhaar ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ BSNL ၏လက်လီအရောင်းဆိုင်များ / franchisee များအတွက် eKYC လုပ်ငန်းစဉ် Sanchar Aadhaar မိုဘိုင်း app ကိ
  5. ASTRNT Q&A
    ASTRNT Q&A
    ASTRNT Q&A Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ ASTRNT Q&A ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ ASTRNT သည် ကုမ္ပဏီများအား ဗီဒီယို-ဆယ်လ်ဖီများဖြင့် အလွန်အဆင်ပြေသော အင်တာဗျူးများကို လက်ခံကျင်းပခွင့်
  6. Personal stickers StickerMaker
    Personal stickers StickerMaker
    Personal stickers StickerMaker Android အတွက် APK ကိုဒေါင်းလုပ်ဆွဲပါ။ Personal stickers StickerMaker ၏နောက်ဆုံးပေါ်ဗားရှင်းကိုအခမဲ့ထည့်သွင်းပါ။ ကိုယ်ပိုင်စတစ်ကာများ မီမီများစုစည်းမှု - ဓာတ်ပုံကို ကိုယ်ပိုင်စတစ်ကာအဖြစ် ဖြတ်ပါ။ 5000+ HD စတစ်ကာမျာ